BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ

မြန်မာစစ်တပ်လေယာဉ်ဆီရနေတဲ့ 'တစ္ဆေသင်္ဘောတွေ' - Amnesty International
နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ အီရန်နိုင်ငံက လေယာဉ်လောင်စာဆီတင်သင်္ဘောတွေ ရေဒါဖျောက်ပြီး ရန်ကုန်မြို့ ၊ သီလဝါဆိပ်ကမ်းကို ရောက်လာတာကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က စုံစမ်းတွေ့ရှိခဲ့ပါတယ်။ ဒီစုံစမ်းမှုကို ဘယ်လိုလုပ်ဆောင်ခဲ့ပါသလဲ။ အဖွဲ့ရဲ့ ဒေသတွင်းသုတေသနဆိုင်ရာ ဒါရိုက်တာကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာစစ်တပ်ကို အာဆီယံအဖွဲ့ဝင် တီမောမှာ တရားစွဲဆိုမှု ဘယ်လောက်လက်တွေ့ကျနိုင်လဲ
မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်အာဏာပိုင်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ရာဇဝတ်မှုတိုင်ကြားချက်ကို တီမောနိုင်ငံက လက်ခံလိုက်ပါတယ်။ စစ်ကော်မရှင်ကတော့ အမှုကို လက်ခံတဲ့တီမောလုပ်ရပ်ဟာ အာဆီယံပဋိဉာာဉ်ကို ချိုးဖောက်တာလို့ဆိုပြီး ကန့်ကွက်လိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီးက ဖားဆောင်းမြို့ကို ပြန်သိမ်းနိုင်ပြီလို့ စစ်တပ်ပြော
စစ်ကိုင်းတိုင်းထဲက ဆူပူသောင်းကျန်းမှုတွေဟာ အသိပညာအတတ်ပညာအားနည်းလို့ဆိုပြီး စစ်ခေါင်းဆောင်ပြောတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၁၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အဓမ္မလက်ထပ်ခံရတာကို ဘောလုံးအားကစားနဲ့ အံတုတဲ့အိန္ဒိယအမျိုးသမီးငယ်တွေ
အိန္ဒိယ ရွာလေးတစ်ရွာက အမျိုးသမီးငယ် နှစ်ယောက်ကတော့ အသက်ငယ်ငယ်နဲ့လက်ထပ် ထိမ်းမြားခံရမှာကို ဘောလုံးအားကစားနဲ့အံတုပြီး ဘဝကို ပုံဖော်နိုင်အောင် ကြိုးပမ်းနေပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်မှာ စစ်တပ်ထုတ်ပြောတဲ့ တရုတ်စီမံကိန်းတွေရဲ့အရွေ့
၂၀၂၅ ခုနှစ်အတွင်း မြန်မာမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ရာခိုင်နှုန်း ရာနဲ့ချီ ထိုးတက်သွားတယ်ဆိုတဲ့အဆိုကို မြန်မာစစ်ခေါင်းဆောင်တွေကရော၊ တရုတ်ဘက်ကပါ လက်ခံထားပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- စစ်ကော်မရှင်က တီမောသံရုံးယာယီတာဝန်ခံကို မြန်မာကနေ ထွက်ခွာခိုင်း
ထိုင်းမှာ မြန်မာတစ်ဦး ခွေးရူးပြန်ရောဂါကြောင့် သေဆုံး၊ အင်တာနက်ပေါ် ရေးသားပြောဆိုမှုတွေကြောင့် ၃ လအတွင်း လူ ၅၀ နီးပါးကို စစ်တပ်ဖမ်းဆီး၊ တရုတ်-မြန်မာဆက်ဆံရေး အဆင့်သစ်တစ်ခုကိုတက်လှမ်းပြီလို့ တရုတ်သံအမတ်ပြော၊ ... စတဲ့သတင်းများ စုစည်းချက်ကို အခုစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ တိုက်ပွဲဝင်ခဲ့တဲ့ဂျန်ဇီတို့အသံ ဘာကြောင့်ပျောက်သွားတာလဲ
ကျောင်းသားပါတီ (NCP)မှာ ပထမဆုံး ကွဲမယ့် လက္ခဏာတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်း တက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ရွေးပွဲမှာ စပြီးပေါ်လာပါတယ်၊ အဲဒီ သမဂ္ဂ ရွေးကောက်ပွဲတွေမှာ အရင်တုန်းက နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ အစ္စလာမ်မစ်ပါတီ ဂျမဲလ် အီ အစ္စလာမ်မီ (Jamaat-e-Islami) ရဲ့ သြဇာလွှမ်း ကျောင်းသားအစုအဖွဲ့က ကိုယ်စားလှယ်တွေ သောင်ပြိုကမ်းပြို အနိုင်ရကြပြီးတဲ့နောက် အကွဲအပြဲလမ်းကြောင်းဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောတဲ့ မြန်မာ့မြောက်ပိုင်းထိန်းချုပ်ရေး ဘာလဲဘယ်လဲ
ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ၁၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ထုတ်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော်လှန်ရေးရဲ့ ကန့်လန့်ကာနောက်ကွယ်က အကြောင်းတချို့ကို လှစ်ဟပြခဲ့ပါတယ်။

ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးက ကျားဖြန့်ခွင် အသစ်လား
ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးဟာ မြဝတီမြို့နယ်၊ မယ်ထော်သလေးဒေသက ကျားဖြန့်လုပ်ငန်းတွေလည်ပတ်ခဲ့တဲ့ မူလ KK Park ရဲ့ အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင်မှာ ရှိပါတယ်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် တာ ရစ် ရာမန် ဘယ်သူလဲ
တာရစ်ရာမန်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အရင်က ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် နှစ်ဦးရဲ့ သားဖြစ်ပြီး၊ နိုင်ငံပြင်ပမှာ နှစ်များစွာ နေထိုင်ခဲ့ပြီးနောက် မကြာသေးခင်ကမှ နိုင်ငံကို ပြန်လာခဲ့သူဖြစ်ပါတယ်။

တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လူသားတွေရဲ့တီထွင်ဖန်တီးမှုအစ- ရှေးအကျဆုံး အင်ဒိုနီးရှား ဂူပန်းချီ
အင်ဒိုနီးရှားက ဆူလာဝေစီကျွန်းပေါ်မှာ တွေ့ခဲ့ရတဲ့လက်ပုံသဏ္ဍာန် နံရံပန်းချီဟာ ကမ္ဘာတလွှား လိုဏ်ဂူတွေထဲတွေ့ထားရတဲ့နံရံပန်းချီတွေထဲမှာ ရှေးအကျဆုံးဖြစ်လာတယ်လို့ သုတေသီတွေက ပြောပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
၂၀၂၅ မြန်မာရွေးကောက်ပွဲ

အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။

ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား
အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။

NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။

အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။

ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။

စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ
အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပခဲ့ပါတယ်။ ကော့မှူးမြို့ခံ အများစုကတော့ အရင်လို မဲပေးဖို့ စိတ်အားထက်သန်မှုတွေမတွေ့ရသလို မဲပေးနှုန်းလည်းလျော့ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျင်းပတဲ့ ကော့မှူးက ရွေးကောက်ပွဲ အရင်နဲ့ ဘာတွေ ကွဲပြားသွားလဲ။

ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ
ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန် တိုက်ခိုက်ခံခဲ့ရတဲ့မန္တလေးတိုင်းထဲ စစ်ကော်မရှင်က ရဲနဲ့ စစ်သားအင်အား ဖြန့်ကြက်ပြီး အပိုင်း ၂ ကို ကျင်းပခဲ့ပေမဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက မဲဆန္ဒနယ်တွေမှာတော့ ထွေအုပ်အရာရှိသေဆုံးတဲ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ
ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အပြီးမှာတော့ ကြိုတင်မဲပွင့်လင်းမြင်သာမှုနဲ့ ပတ် သက်လို့ မေးခွန်းထုတ်လာကြပါတယ်။

သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ
ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီးကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။

၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်
နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်

ဗီဒီယို,ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ

ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး

အသက်ဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ ရန်ပွဲတွေ
ကျောင်းတွင်းရန်ဖြစ်မှုကနေ အသက်ဆုံးရတဲ့ ဖြစ်စဥ်က မကြာခဏတွေ့လာရတဲ့ အခြေခံပညာအဆင့် ကျောင်းတွင်းရန်ပွဲတွေ၊ အနိုင်ကျင့်မှုတွေဖြစ်စဥ်တွေရဲ့ အန္တရာယ်နဲ့ အကျိုးအပြစ်ကို မီးမောင်းထိုးပြလာတယ်လို့ ရွှေပြည်သာမြို့နယ်က အငြိမ်းစားကျောင်းအုပ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်ခေါင်းခဲရတဲ့ ပြည်ထဲရေး
ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ရောက်လာပြီး အာဏာသိမ်းထားတဲ့ ငါးနှစ်အတွင်းမှာ ပြည်ထဲရေးဝန်ကြီးလေးယောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

NUG နဲ့ ဗိုလ်နဂါးကြားက အခွန်ပဋိပက္ခ
တော်လှန်ရေးတပ်ပေါင်းစုံ အခြေစိုက်လှုပ်ရှားနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အခွန်ဂိတ်တွေနဲ့ ပတ်သက်လို့ တော်လှန်ရေးတပ်နှစ်ခုကြား ပစ်ခတ်မှုတွေဖြစ်တဲ့အထိ တင်းမာမှုတွေရှိလာပါတယ်။

မျိုးစိတ်တူပေမဲ့ ကံကြမ္မာမတူတဲ့ မြန်မာ့ ဧရာဝတီလင်းပိုင်တွေ
မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ အသက်သွေးကြောမြစ်လို့ တင်စားကြတဲ့၊ ဧရာဝတီမြစ်ရဲ့ နာမည်ပါနေတဲ့ လင်းပိုင်လေးတွေဟာ မြန်မာကနေ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်းသွားကြပြီလားလို့ စိုးရိမ်တဲ့မှတ်ချက်တွေ လူမှုကွန်ရက်မှာ တွေ့လာရပါတယ်။မြန်မာက ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့ကြသူတွေကတော့ “လက်ရှိမှာ အဲဒီလုပ်ငန်းနဲ့ ဆောင်ရွက်ချက်တွေ မရှိတော့ပါဘူး”လို့ ဖြေကြပါတယ်။

ကပစတွေရဲ့အချုပ် ကပစ-၄ က စစ်တပ်အတွက် ဘယ်လိုအရေးပါလဲ
စစ်လက်နက်ထုတ်တဲ့ ကပစ အားလုံးက စက်ပစ္စည်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ပြုပြင်ထိန်းသိမ်းရေးနဲ့ အပိုပစ္စည်းထုတ်လုပ်၊ ဝယ်ယူ တပ်ဆင်တာတွေအတွက် ကပစ ၄ ကို မဖြစ်မနေ မှီခိုရပါတယ်။






































