

1 years ago by Yummy
ဝက်ချိုဟင်း

ပါဝင်ပစ္စည်းများ
| ဝက်သုံးထပ်သား (Pork Belly) | ၂၀ သား |
| ရှာလကာရည် (Vinegar) | ၁ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ငါးငံပြာရည် (Fish Sauce) | အနည်းငယ် |
| ဆား (Salt) | အနည်းငယ် |
| ပဲငံပြာရည် (Soy Sauce) | ၃ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ဆီ (Oil) | ၆ ဇွန်း (ထမင်းစားဇွန်း) |
| သကြား (Sugar) | ၁ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ကြက်သွန်နီ (Onion) | ၅ - ၆ လုံး |
| ကြက်သွန်ဖြူ (Garlic) | ၅မွှာ (နုတ်နုတ်စဉ်းပါ) |
| ဂျင်း (Ginger) | အနည်းငယ် |
ပြုလုပ်ပုံ
၁ ။ ဝက်သားပန်းကန်ထဲသို့ ရှာလကာရည်၊ ငါးငံပြာရည်၊ ဆား၊ ပဲငံပြာရည် တို့ထည့်ပြီးနယ်ထားပါ။
၂ ။ ဆီပူအောင်ထားပါ။ ဆီပူလာရင် သကြားထည့်ပါ။ သကြားများ နီလာရင် ကြက်သွန်ဖြူ၊ ဂျင်းထည့်မွှေပါ။ အနံ့မွှေးလာရင် နယ်ထားသောဝက်သားထည့်မွှေပါ။ ကြက်သွန်နီထည့်မွှေပါ။ ရေထည့်ပြီး အဖုံးအုပ်ထားပါ။
၃ ။ အသားနူးပြီးဆီပြန်လာသည်အထိ ချက်ထားပါ။ သကြားပါသောကြောင့်ဝက်သားများမကပ်အောင်သတိထားပြီး မွှေပေးပါ။
၄ ။ ဆီပြန်လာရင်မီးပိတ်လိုက်ပါ။ အရသာရှိပြီးနူးညံ့တဲ့ ဝက်ချိုဟင်းကိုသုံးဆောင်နိုင်ပါပြီ။
ဝက်ပုန်းရည်ကြီး

ပါဝင်ပစ္စည်းများ
| ဝက်သုံးထပ်သား (Pork Belly) | ၂၀သား |
| ရှာလကာရည် (Vinegar) | ၁ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ငါးငံပြာရည် (Fish Sauce) | အနည်းငယ် |
| ဆား (Salt) | အနည်းငယ် |
| သကြား (Sugar) | ၁ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ကြက်သွန်နီ (Onion) | ၂လုံး (နုတ်နုတ်စဉ်းပါ) |
| ကြက်သွန်ဖြူ (Garlic) | ၅မွှာ (နုတ်နုတ်စဉ်းပါ) |
| ဆီ (Oil) | ၆ ဇွန်း (ထမင်းစားဇွန်း) |
| ပုန်းရည်ကြီး (Black Beans Paste) | ၅ ထုပ်(အထုပ်သေး) |
| ကြက်သွန်ဖြူ (Garlic) | ၃ - ၄ မွှာ (ပါးပါးလှီးထားပါ) |
ပြုလုပ်ပုံ
၁ ။ ပုန်းရည်ကြီးကို ရေနွေးဖြင့်ဖျော်ထားပါ။ ဝက်သားပန်းကန်ထဲသို့ ရှာလကာရည်၊ ငါးငံပြာရည်၊ ဆား၊သကြားတို့ထည့်ပြီးနယ်ထားပါ။
၂ ။ ဆီပူအောင်ထားပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်မွှေပါ။ အနံ့မွှေးလာရင် နယ်ထားသောဝက်သားထည့်မွှေပါ။
၃ ။ အသားနူးပြီးဆီပြန်လာသည်အထိ ချက်ထားပါ။ ရေခမ်းခါနီးရင် ပုန်းရည်ကြီးကိုထည့်မွှေပါ။ ဆီပြန်လာသည်အထိ ချက်ထားပါ။ ဆီပြန်လာရင်မီးပိတ်လိုက်ပါ။
၄ ။ ဝက်ပုန်းရည်ကြီးပေါ်သို့ ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ဖြူးလိုက်ပါ။အရသာရှိပြီးနူးညံ့တဲ့ ဝက်ပုန်းရည်ကြီးဟင်းကို သုံးဆောင်နိုင်ပါပြီ။
ဝက်လက်ဖက်ဟင်း

ပါဝင်သောပစ္စည်းများ
| ဝက်သုံးထပ်သား(Pork Belly) | ၂၀ သား |
| ရှာလကာရည် (Vinegar) | ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ငါးငံပြာရည် (Fish Sauce) | ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ဆား (Salt) | အနည်းငယ် |
| သကြား (Sugar) | အနည်းငယ် |
| ကြက်သွန်နီ (Onion) | ၂ လုံး(နုတ်နုတ်စဉ်းပါ) |
| ကြက်သွန်ဖြူ (Garlic) | ၅ မွှာ (နုတ်နုတ်စဉ်းပါ) |
| ဆီ (Oil) | ၆ ဇွန်း (ထမင်းစားဇွန်း) |
| လက်ဖက်ညွန့် (Tea Leaves) | ၂ ဇွန်း (ထမင်းစားဇွန်း) |
ပြုလုပ်ပုံ
၁ ။ ဝက်သားကို ရှာလကာရည်၊ ငါးငံပြာရည်၊ ဆား၊ သကြား တို့ထည့်ပြီး နှံ့အောင်နယ်ထားပါ။
၂ ။ အိုးထဲသို့ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်မွှေပါ။ မွှေးလာရင် ဝက်သားထည့်မွှေပါ။
၃ ။ လက်ဖက်ကိုထည့်ပြီးမွှေပါ။ ရေထည့်ပြီးအသားနူးသည်အထိ ချက်ပါ။
၄ ။ ပန်းကန်ထဲသို့ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
ဝက်သနပ်ဟင်း
<
ပါဝင်သောပစ္စည်းများ
| ဝက်သုံးထပ်သား (Pork Belly) | ၂၀ သား |
| ရှာလကာရည် (Vinegar) | ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ငါးငံပြာရည် (Fish Sauce) | ၂ ဇွန်း (လက်ဖက်ရည်ဇွန်း) |
| ဆား (Salt) | အနည်းငယ် |
| သကြား (Sugar) | အနည်းငယ် |
| ဆီ (Oil) | ၆ ဇွန်း (ထမင်းစားဇွန်း) |
| ကြက်သွန်နီ (Onion) | ၂ လုံး(နုတ်နုတ်စဉ်းပါ) |
| ကြက်သွန်ဖြူ (Garlic) | ၅ မွှာ (နုတ်နုတ်စဉ်းပါ) |
| ငရုပ်အနှစ် | ၂ ဇွန်း |
| သရက်သီးအစိမ်းသနပ် (Mango Pickle) | ၄ ဇွန်း (ထမင်းစားဇွန်း) |
ပြုလုပ်ပုံ
၁ ။ ဝက်သားကို ရှာလကာရည်၊ ငါးငံပြာရည်၊ ဆား၊ သကြား တို့ထည့်ပြီး နှံ့အောင်နယ်ထားပါ။
၂ ။ အိုးထဲသို့ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်အနှစ် တို့ထည့်ပြီးဆီသပ်ပါ။မွှေးလာရင် ဝက်သားထည့်မွှေပါ။
၃ ။ ဝက်သား အနည်းငယ်မွှေပြီးရင် ရေထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။ ရေခမ်းလို့ဆီပြန်လာရင် ရေထပ်ထည့်ပြီး ဝက်သားနူးလာအောင် ချက်ပါ။
၄ ။ ရေခမ်းပြီး ဝက်သားနူးရင် သရက်သီးသနပ်ကိုထည့်ပြီး မွှေပါ။ ဆီပြန်လာရင်မီးပိတ်လိုက်ပါ။ အရသာထူးတဲ့ ဝက်သားသနပ်ဟင်းကို စားသုံးနိုင်ပါပြီ။
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကိုခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကိုဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။
Create your best life. Get lifestyle content and shopping curated for you and delivered daily.