Movatterモバイル変換


[0]ホーム

URL:


မာတိကာသို့ ခုန်သွားရန်
ဝီကီပီးဒီးယား
ရှာဖွေရန်

PHP

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် ဤဆောင်းပါးခေါင်းစဉ်ကို / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
PHP
PHP: Hypertext Preprocessor
ParadigmImperative, functional, object-oriented, procedural, reflective
ဒီဇိုင်းဆွဲသူRasmus Lerdorf
မွမ်းမံသူZend Technologies
အမျိုးအစားစနစ်Dynamic, weak
ပင်မ အသုံးချမှုများZend Engine, HHVM,Phalanger,Quercus, Project Zero,Parrot
လွှမ်းမိုးခဲ့Falcon,Hack
လိုင်စင်PHP License (most of Zend engine under Zend Engine License)
ဝက်ဘ်ဆိုဒ်//php.net
Wikibooks logoPHP Programming atWikibooks

PHP ဆိုသည်မှာ reflectiveprogramming language ဖြစ်ပြီး dynamic web pages တွက် design လုပ်ကာ ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ PHP ဆိုသည်မှာ Hypertext Preprocessor ဖြစ်သည်။ PHP ကို အဓိကအားဖြင့် အောက်ပါ နယ်ပယ် (၃)ခုတွင် အသုံးပြုကြသည်။

  • Server-side scripting - PHP ၏ အဓိက field ဖြစ်သည်။ Scripts များကို CGI (သို့) server module၊ web server နှင့် web browser တို့အား အသုံးပြု၍ run ခြင်းဖြစ်သည်။
  • Command line scripting - PHP script ကို server နှင့် browser အသုံးမပြုဘဲ PHP parser(CGI) တစ်ခုသာ သုံး၍ run ခြင်းဖြစ်သည်။
  • Writing desktop application - PHP ၏ အဆင့်မြင့် features များကို အသုံးပြုပြီး client-side applications များကို ဖန်တီးနိုင်သည်။ ဥပမာ - PHP-GTK ကဲ့သို့သော extension ကို သုံးပြီး client-side အပြင် cross-platform application များကိုပါ ရေးသားနိုင်သည်။ သို့သော် PHP-GTK သည် PHP ၏ main distribution တွင်မပါဝင်သဖြင့် အသုံးပြုရန်လိုအပ်လျှင် သီးခြား ထည့်သွင်းရမည် ဖြစ်သည်။

PHP ကို အဓိကOperating System များဖြစ်ကြသောမိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်Linux နှင့်Unix အမျိုးအစား Platform များ Mac OS X နှင့် တခြားသော RISC OS တို့တွင် အသုံးပြုနိုင်သည်။ PHP သည် လက်ရှိတွင်Apache နှင့် IIS တို့အပါအဝင် web server များစွာကို ထောက်ပံ့ပေးနေပြီး ဖြစ်သည်။ တကယ်တမ်းအားဖြင့် PHP သည် ၎င်း၏ lighthttpd, nginx စသည့် FastCGI binary ကို အသုံးပြုထားသော မည်သည့် web server ကို မဆို support လုပ်သည်။

PHP ကို သုံးပြီး HTML output များ၊ pdf file များ၊ ရုပ်ပုံများ၊ flash movies များကို ထုတ်လုပ်ပေးနိုင်သည်။ ထို့အပြင် text file များဖြစ်ကြသော XHTML နှင့် XML ဖိုင်များကိုလည်း auto generate လုပ်ပေးနိုင်သည်။

ထို့အပြင် PHP သည် Database အမျိုးမျိုးကို support လုပ်ပေးနိုင်သည်။ MySQL extension နှင့် ပေါင်းစပ်ပြီး database-enable web page များကိုလည်း ဖန်တီးနိုင်သည်။

PHP သည် HTTP, POP3, SNMP, IMAP, NNTP, LDAP စသည့်protocols များကို အသုံးပြုထားသော services များနှင့်လည်း communicate လုပ်နိုင်သည်။

PHP Group သည် PHP ကိုအဓိက implementation လုပ်ကာ PHP License ဖြင့် ထုတ်လုပ်ထားသည်။ နောက်ဆုံး version မှာ PHP 5.6.8 ဖြစ်ပြီး 16 April 2015 တွင်ထုတ်ခဲ့သည်။


သမိုင်း

[ပြင်ဆင်ရန်]

PHP ကို Common Gateway Interface (CGI) အဖြစ်C programming Language ကို အသုံးပြုပြီး Danish/Greenlandic programmerRasmus Lerdorf က 1994 မှာ ရေးသားခဲ့ပြီး သူ့ရဲ့ personal homepage တွင်Perl scripts နေရာအား အစားထိုးကာ အသုံးပြုခဲ့သည်။ Lerdorf က data များကို စုစည်းရန်နှင့် သူ၏ page ၏ traffic ကို လက်ခံရန်အတွက် PHP ကိုအသုံးပြုကာ ပြသခဲ့သည်။ Personal Home Page Tools အဖြစ်8 June1995 က ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် Lerdorf က သူရဲ့ ကိုယ်ပိုင် Form Interperter ကို ဖန်တီးကာ PHP/FI (PHP version 2 ဖြစ်သည်) ကို ပြုလုပ်ခဲ့သည်။

Zeev Suraski နှင့်Andi Gutmas ဆိုသောTechnion IIT မှ Israeli develpoer နှစ်ယောက်သည် 1997 တွင်parser ကိုပြန်လည်ရေးသားကာ PHP 3 ကို ပြုလုပ်ခဲ့သည်။ ထို Language ကို PHP: Hypertext Preprocessor ဟုခေါ်ဆိုခဲ့သည်။ Development team ဟာ PHP/FI2 ကို November 1997 တွင် beta အနေနဲ့ စမ်းသပ်ခဲ့သည်။ PHP3 Public testing ကိုတော့ June 1998 မှ official launch လုပ်ခဲ့သည်။ Suraski နှင့် Gutmas သည် စတင်ပြီး PHP ရဲ့ core ကို ပြန်လည်ရေးသားကာZend Engine ကို 1999 တွင်ထုတ်လုပ်နိုင်ခဲ့သည်။ သူတို့ဟာZend Technologies ကို Ramat Gan , Israel တွင် စတင်ပြီး လုပ်ဆောင်ခဲ့ပြီး PHP ကို development များကို တစိုက်မတ်မတ်လုပ်ခဲ့သည်။

May 2000 တွင် PHP4 ကို Zend Engine 1.0 စွမ်းအားဖြင့် released လုပ်ခဲ့သည်။ PHP Group သည် အစိတ်အပိုင်းတော်တော်များများကို PHP အဟောင်းကနေ update လုပ်ခဲ့ပြီး version 4 အနေနဲ့ branch များကို ထုတ်လုပ်ခဲ့ကာ October 2007 တွင် 4.4.7 အထိ ဆောင်ရွက်နိုင်ခဲ့သည်။ PHP4 ဟာ security update များကို 8 August, 2008 အထိဆောင်ရွက်ပေးပါသည်။ 13 July ,2004 တွင် PHP 5 ကို Zend Engine II စွမ်းအားဖြင့် ထုတ်ခဲ့သည်။ PHP 5 တွင် လုပ်ဆောင်ချက်အသစ်များစွာ ပါဝင်ခဲ့သည်။ အချို့မှာက

  • object-oriented programming ကို တိုးတက်လုပ်ဆောင်နိုင်ခြင်း
  • PHP Data Objects extension နှင့် ပေါ့ပါးမြန်ဆန်သော interface များဖြင့် လွယ်လွယ်ကူကူ database များကို ချိတ်ဆက်အသုံးပြုနိုင်ခြင်း
  • လုပ်ဆောင်ချက်တိုးမြှင့်လုပ်ဆောင်ထားခြင်း
  • MySQL နှင့်MSSQL တို့ကို ပိုမိုကောင်းမွန်စွာ support လုပ်ထားခြင်း
  • SQLite ကို ထည့်သွင်း support လုပ်ခြင်း
  • SOAP ကိုပါ integrated လုပ်ကာ support လုပ်ခြင်း
  • Dataiterators
  • Error handling via exceptions

များပါဝင်ခဲ့သည်။ ယခုအခါ PHP ကို 5.x နှင့် 4.4.x တို့ကို developed လုပ်နေပါသည်။13 July,2007 တွင် PHP group သည် PHP 4 ကို December 31,2007 အထိသာ development လုပ်တော့မည် ဖြစ်ကြောင်း ကြော်ငြာပြောကြားခဲ့သည်။ သို့သော်လည်းပဲ 8 August,2008 အထိ အရေးပေါ် security update များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်းပါ ပြောကြားခဲ့သည်။ PHP 6 ကိုထုပ်လုပ်ခြင်းမရှိပဲ PHP 7.0.0 Released: ကို 03 Dec 2015 တွင်ထုပ်လုပ်လိုက်ပါသည်။

ကိုးကား

[ပြင်ဆင်ရန်]

http://php.net/manual/en/intro-whatcando.phpArchived 16 August 2018 at theWayback Machine.

"https://my.wikipedia.org/w/index.php?title=PHP&oldid=848345" မှ ရယူရန်
ကဏ္ဍများ:
ဝှက်ထားသော ကဏ္ဍများ:

[8]ページ先頭

©2009-2025 Movatter.jp