ဓာတုဗေဒ ဘာသာရပ်တွင်ပီအိတ်ချ် (အင်္ဂလိပ်:PH ; potential of hydrogen or power of hydrogen)[၁] ဆိုသည်မှာ ပျော်ရည်တစ်ခု၏အက်ဆစ်ဓာတ် သို့မဟုတ်ဘေ့စ်ဓာတ်ကို သတ်မှတ်ရန် တိုင်းတာမှုတစ်ခုဖြစ်သည်။ ရေ စင်စစ်သည် သာမန် အခန်းအပူချိန်တွင် ပီအိချ် ၇ နီးပါးမျှ ရှိသည်ဟု ဆိုသည်။[၂] ပီအိတ်ချ် ပမာဏ ၇ ထက်နည်းသော ရေများကို အက်ဆစ်ဓာတ်များသည် ဟု ဆိုကြပြီး ပီအိတ်ချ် ပမာဏ ၇ ထက်များသော ရေကို ဘေ့စ် ဓာတ်များသည် သို့မဟုတ် အယ်လ်ကာလိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် pH တန်ဖိုးသည် မည်သည့် အက်ဆသ်နှင့် ဘေ့စ်များအတွက်မဆို သုညထက် နည်းနိုင်ပြီး ၁၄ ထက်များနိုင်သည်။[၃] ပီအိတ်ချ် တိုင်းတာမှုသည်ဆေးပညာ၊ဇီဝဗေဒ၊ဓာတုဗေဒ၊စိုက်ပျိုးမွေးမြူရေး၊ သစ်တောပညာ၊ အစားအသောက် သိပ္ပံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သိပ္ပံ ၊ သမုဒ္ဒရာ ဆိုင်ရာပညာ၊ မြို့ပြ အင်ဂျင်နီယာ ဘာသာ နှင့် အခြား မြောက်မြားစွာသော ပညာရပ်တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။