၈ - ၁၂ ဇန်နဝါရီ -ရတနာပုံ ဆိုက်ဘ်ဘာစီးတီး ၌ နဝမအကြိမ်မြောက် မြန်မာအိုင်စီတီ ပြပွဲကျင်းပ။အင်တာနက် အသုံးပြုနိုင်မည့် McWill အမည်ရှိ 3.5G မိုဘိုင်း ဖုန်းလိုင်းသစ် စတင်ရောင်းချ ၁၁ ဇန်နဝါရီ -စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီမောင်ဝဏ္ဏ ကွယ်လွန်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး သည် စစ်လွန်းဝတီထက် ခေါ် သမီးရတနာ ဖွားမြင်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ဧရာဝတီတိုင်း ဒေသကြီးရှိ အမှတ် (၅) ဓာတ်မြဩေဇာစက်ရုံ (ပုသိမ်) ဖွင့်ပွဲအခမ်းအနားနှင့် ပုသိမ်- မုံရွာ ကတ္တရာလမ်းမကြီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) အက်စ်အက်စ်အေ-အက်စ်SSA-S (ဝမ်သိန်း)အဖွဲ့မှ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခြင်း အခမ်းအနားကိုလွိုင်လင်မြို့ အားကစားကွင်း၌ ကျင်းပသည်။အာဖဂန်နစ္စတန်ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အမေရိကန်အထူးစစ်ဆေးရေးမှူးချုပ် အာနိုးဖီးစ်သည် ရာထူးမှနုတ်ထွက်သွားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာသည်။ ၁၂ ဇန်နဝါရီ –မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အာဆီယံအင်ဂျင်နီယာဆိုင်ရာ ဘွဲ့တံဆိပ်များပေးအပ်ပွဲ၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံနှင့် အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Function Hall၌ ကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။၁၈ ဇန်နဝါရီ –တရုတ်နိုင်ငံ သမ္မတဟူကျင်ထောင်း သည် နိုင်ငံတော်ခရီးစဉ်အဖြစ်အမေရိကန်နိုင်ငံ ၊ဝါရှင်တန်မြို့ သို့ရောက်ရှိပြီး ထိုနေ့ညတွင် အိမ်ဖြူတော်သို့ သွားရောက်၍ သမ္မတဘားရက်အိုဘားမားနှင့်အတူ ညစာသုံးဆောင်သည်။ ၂၁ ဇန်နဝါရီ – အမေရိကန်နိုင်ငံက သတင်းဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို သယ်ဆောင်သည့် အကြီးဆုံးဒုံးပျံ ဒဲလ်တာ-၄ ဟဲဗီးကို ကယ်လီဖိုးနီးယားပြည်နယ် ဗန်ဒင်ဘတ်လေတပ်စခန်းမှ လွှတ်တင်သည်။ ၂၂ ဇန်နဝါရီ – မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပသည့် (၁၃)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် ဘင်းမ်စတက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ၂၃ ဇန်နဝါရီ – ၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအား နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင်ကဇာတ်ရုံတွင် ကျင်းပ။ နေတိုး၊ စိုးပြည့်သဇင် အကယ်ဒမီရ။ ၂၄ ဇန်နဝါရီ – ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှူးဟောင်း ပါမောက္ခ ဒေါက်တာစိန်ထွန်းအသက် (၇၁) နှစ် ကွယ်လွန်သည်။ ၂၅ ဇန်နဝါရီ – အီဂျစ် လူထုဆန္ဒပြပွဲ စတင်ဖြစ်ပွား။ ၂၆ ဇန်နဝါရီ – စာရေးဆရာ ဦးသိန်းဟန် (ဆရာ ဇော်ဂျီ)၏ဇနီး ကြီးကြီးစော (ခ) ဒေါ်စောရင် အသက် (၁၀၅) နှစ် ကွယ်လွန်သည်။ ၃၀ ဇန်နဝါရီ – NLD ဝက်ဘ်ဆိုက်ဒ် www.nldburma.org ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ အင်တာနက်တွင် စတင်။ ၃၁ ဇန်နဝါရီ – နေပြည်တော်၌ နံနက်(၈: ၅၅)နာရီတွင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၂၀)အတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ညီလာခံ စတင်ကျင်းပသည်။ ၅ မတ် – ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ သဘာဝကမ္ဘာ ခေတ်မီကစားကွင်းကို စတင်ဖွင့်လှစ်။ ၁၀ မတ် – ဂျပန်နိုင်ငံ မြောက်ပိုင်း Honshu ဒေသမှ စတင်ခဲ့သော မြေငလျင်သည် ၆.၃ Magnitude နှုန်းဖြင့် လှုတ်ခတ်ခဲ့။ ဂျပန်နိုင်ငံ Sendai-shi ဒေသကို ဗဟိုပြုပြီး ၇.၂ Magnitude ငလျင်ကြီးတိုးမြှင့် လှုတ်ခတ်ခဲ့။ ၁၁ မတ် – ထပ်မံလှုတ်ခတ်လာသော ၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ၏ ပြင်းအားမှာ ၈.၉ Magnitude အဆင့်ဖြစ်ပြီး၊ ဆူနာမီအသွင်ပြောင်းကာ ရေမျက်နှာပြင် ၃၀.၃ ပေ အမြင့် အထိ တက်ခဲ့သည်။ ၁၄ မတ် – မနက် ၄:၃၀၊ ဂျပန်နိုင်ငံ တိုကျိုမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၅၀ တွင်တည်ရှိသော Fukumi နျူကလီးယားစက်ရုံ ပေါက်ကွဲ။ ၁၅ မတ် – မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ဖွင့်လှစ်။ ၂၄ မတ် – ၂၀၁၁ မြန်မာ ငလျင်: မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ ငလျင် လှုပ်ခတ်ခဲ့သည်။ ယင်းငလျင်၏ပြင်းအားမှာ ရစ်ခ်ျတာစကေး ၆.၈ ဖြစ်သည်။ ၃၀ မတ် – နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျက် ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာခဲ့။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်နာယက ရှေ့မှောက်၌ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ ၁ ဧပြီ – ပြည်ထောင်စုအစိုးရအဖွဲ့သည် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း၌ ကတိသစ္စာပြုပြီး စတင် တာဝန်ထမ်းဆောင်သည်။ ၇ ဧပြီ – ဂျပန်ငလျင် လှုပ်သည်။ ထိုငလျင်ဖြစ်ရပ်ကို ၂၀၁၁ ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ ဟုလည်းခေါ်ကြသည်။ ၉ ဧပြီ – စာရေးဆရာပါရဂူ ရန်ကုန်မြို့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ၂၂ ဧပြီ – အစိုးရရုံးများတွင် ချိပ်ဆွဲထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓာတ်ပုံများ စတင်ဖြုတ်ပစ်သည်။ ၁၁ မေ – စာရေးဆရာနတ်နွယ် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၈-ရပ်ကွက်၊ မဟာဆွေလမ်း နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။၄ ဇွန် – ၂၀၁၀ - ၂၀၁၁ ပညာ သင်နှစ်၏ အခြေခံ ပညာ တက္ကသိုလ် ဝင်တန်း အောင် စာရင်းများ ဇွန်လ ၄ ရက်နေ့တွင် ထွက်ရှိ ခဲ့ရာ နှစ်သုံးဆယ် ဝန်းကျင် အတွင်း စနေနေ့ ထုတ်ပြန် ခြင်းမှာ ပထမ ဦးဆုံး အကြိမ် အဖြစ် ထုတ်ပြန် ကြေညာ ခြင်းမျိုး ဖြစ်သည်။[၁] ၅ ဇွန် – စာရေးဆရာ၊ သီချင်းရေးဆရာ မောင်သစ်မင်း သည် ဘန်ကောက်မြို့၊ဆီမီတာဝေ့ဆေးရုံကြီးတွင် အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။ ၁၃ ဇွန် – ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ နွဲ့နွဲ့မူ အစာအိမ် သွေးကြောပေါက်၍ ကွယ်လွန်ခဲ့သည်။၇ ဇူလိုင် – ခြောက်ထပ်ကြီးဘုရားတိုက်၊ သာသနာ့ဂုဏ်ရည် ဆရာတော် ဘဒ္ဒန္တဇဝန သက်တော် (၇၃) နှစ်၊ ဝါတော် (၅၃) ဝါ၊ ပျံလွန်တော်မူခဲ့သည်။၂၀ ဇူလိုင် – ကမ္ဘာကျော် ကုမ္ပဏီတစ်ခုဖြစ်သည့် အက်ပဲကုမ္ပဏီမှ OSX Lion Opreating System ထွက်ရှိသည်။[၂] မြန်မာဘာသာအား အက်ပဲကုမ္ပဏီမှ တရားဝင် အမှတ်ပြု ထည့်သွင်းခဲ့သည်။ [၃]၃၁ ဇူလိုင် – ပန်းချီဆရာ ရာဟုလာ (ခ) ဦးအောင်မြင့် အသက် ၆၅ နှစ် လည်ချောင်းကင်ဆာရောဂါဖြင့် မင်းကွန်း၊ ဈေးဆိပ်ကျေးရွာ သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။၅ ဩဂုတ် – မြန်မာ့ပန်းချီလောက၊ စာနယ်ဇင်းပန်းချီလောက၏ ထွန်းလင်းတောက်ပနေသော နေတစ်ဆင်းဖြစ်သူ ပန်းချီမောင်မောင်သိုက် အသက် (၆၆)နှစ် ကွယ်လွန်သည်။မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်သည် ထွန်းလွင် ဖေါင်ဒေးရှင်း ထူထောင်။ ၁၄ ဩဂုတ် – ဒဿနပညာရှင်၊ အငြိမ်းစားဒဿနိကဗေဒပါမောက္ခ နန္ဒာသိန်းဇံ(မဟာသဒ္ဓမဇောတိကဓဇ) အသက် (၆၅)နှစ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တွေ့ဆုံမှု ၁၉ ဩဂုတ် - နိုင်ငံတော်သမ္မတဦးသိန်းစိန် နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့နေပြည်တော် ရှိသမ္မတအိမ်တော် မှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။[ ၁] [ ၂] ၁ အောက်တိုဘာ –ကုလသမဂ္ဂ က ထုတ်ပြန်ချက်အရ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) အထိ ရှိပြီဟု ဆိုသည်။၁၂ အောက်တိုဘာ –နိုင်ငံတော်သမ္မတရုံး က အမိန့်အမှတ် ၄၉/၂၀၁၁ အရ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၆၃၅၉)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု၊ မြစ်ကြီးနား အကျဉ်းထောင်မှဇာဂနာ ပြန်လည်လွတ်လာ။အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးထွက်ခွာ။ ၁၄ အောက်တိုဘာ –ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးရတနာလေးကို ဝိတိုရိယအထွေထွေ ရောဂါကုဆေးရုံကြီးတွင် မွေးဖွားခဲ့သည်။ အိုင်ဖုန်း (iPhone) ၏ ပဉ္စမမျိုးစက်ဖြစ်သောအိုင်ဖုန်း ၄ အက်စ် ကို ပထမဆုံး ဖြန့်ဝေရောင်းချခဲ့သည်။၂၀ အောက်တိုဘာ –လစ်ဗျားနိုင်ငံ စစ်ခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) သေဆုံး။၂၂ အောက်တိုဘာ – ကဗျာဆရာကြည်မောင်သန်း ကွယ်လွန်။၂၃ အောက်တိုဘာ –တူရကီနိုင်ငံ အရှေ့ပိုင်း၊ ဗန်းမြို့အနီးတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့။၃ ဒီဇင်ဘာ – ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ(၂၀၁၁-ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်-၁၅)ကို ပြဋ္ဌာန်း။၄ ဒီဇင်ဘာ – ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ(၂၀၁၁-ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၁၄)ကို ထုတ်ပြန်ကြေညာ။သတင်းစာဆရာ၊ ဂျပန်တော်လှန်ရေး လေထီးစစ်သည်ဟောင်း သခင်လှကွန်း အသက် (၉၀) ကွယ်လွန်။ ၁၀ ဒီဇင်ဘာ – ည ၇ နာရီ ၄၅ မိနစ် လကျတ်သည်။၁၁ ဒီဇင်ဘာ – စာရေးဆရာမကြီး စောမုံညင်း လူကြီးရောဂါဖြင့် ကွယ်လွန်သည်။၁၂ ဒီဇင်ဘာ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြု။၁၇ ဒီဇင်ဘာ – မြောက်ကိုရီးယားနိုင်ငံ၏ လက်ရှိခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်သည်။