| ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ (23 Jul 2021) |
| ရေ |
ရေမော်လီကျူး ဖွဲ့စည်းပုံ |
| အခြေခံ အချက်များ |
| မော်လီကျူး ဖွဲ့စည်းပုံ | H2O |
| ရေခဲမှတ် | 0 °C (32 °F) |
| ရေဆူမှတ် | 99.974 °C (211.95 °F) |
ဤရုပ်ပုံတွင် ရေ၏ အရည်၊ အခဲ၊ အငွေ့ အခြေအနေ ၃ မျိုးကို တွေ့နိုင်သည်။ရေ(အင်္ဂလိပ်:Water)သည်အောက်ဆီဂျင်နှင့်ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားသော ဓာတုပစ္စည်း ဖြစ်သည်။ ယင်း၏ဓာတုဗေဒ ဖော်မြူလာမှာ H2Oဖြစ်သည်။ အရောင်မရှိ ဖောက်ထွင်းမြင်နိုင်ကာ အနံ့ကင်းပြီး အရသာမရှိပါ။ ရေသည် အသုံးအများဆုံး သော ဖျော်ရည်ဖြစ်ပြီး အများအားဖြင့်အရည် ဖြစ်သည်။အစိုင်အခဲ အခြေအနေကိုရေခဲဟု ခေါ် ပြီး အငွေ့ အခြေအနေကို ရေငွေ့ ဟုခေါ်သည်။ ရေအတုကို ဓာတ်ခွဲခန်း၌ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ရောစပ်ခြင်းဖြင့် ဖန်တီးနိုင်သည်။
ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟူ၍ ဆိုရိုးစကားရှိသည်။ ရေသည် လူနှင့် သက်ရှိမှန်သမျှအတွက် မရှိလျှင် မဖြစ်သော ပစ္စည်းဖြစ်သည်။ အပင်အားလုံးအတွက်လည်း ရေသည် မရှိလျှင် မဖြစ်ချေ။ မြန်မာနိုင်ငံကဲ့သို့လယ်ယာကိုင်းကျွန်းပေါ်တွင် အားထားနေရသော နိုင်ငံအဖို့ လယ်ယာ ဖြစ်မြောက်ရေးအတွက် မိုးရေကို လွန်စွာအားကိုးရလေသည်။
လူသည် ရေကိုသောက်သုံးရန်နှင့် ဆေးကြောရန်အတွက် လိုပေသည်။ ရေချိုးရန်နှင့် ထမင်းချက်ရန် အတွက်လည်း လိုသည်။ လူများ ရှူနေကြရသော လေပြီးလျှင် ရေသည် လူ့အတွက် ဒုတိယအရေးအကြီးဆုံး ပစ္စည်း ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည်။ ရေသာမရှိလျှင် သက်ရှိမှန်သမျှသည် သေကုန်ကြပေလိမ့်မည်။ သက်ရှိတိရစ္ဆာန်နှင့် အပင်များတွင် ရေသည် အခြားပစ္စည်းများထက် ပို၍ပါရှိသည်။ ကုန်များကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရာတွင်လည်း မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများရှိ ရေများပေါ်တွင် သွားလာနိုင်ကြသည့် လှေသင်္ဘောများဖြင့် တင်ဆောင်လျှင် စရိတ်မှာ အသက်သာဆုံး ဖြစ်တတ်ပေသည်။ ချောင်းများ၊ မြစ်များ၊ ပင်လယ်သမုဒ္ဒရာ များနှင့် အင်းအိုင်များသာမရှိလျှင် ကမ္ဘာကြီးသည် ငြီးငွေ့ဖွယ်ရာ ဖြစ်ပေလိမ့်မည်။ ချောင်း၊ မြစ်၊ပင်လယ်၊သမုဒ္ဒရာနှင့် အင်းအိုင်များဟု ခေါ်နေကြခြင်းမှာလည်း ယင်းတို့ရှိ ရေများကြောင့်သာ ခေါ်နေနိုင်ကြခြင်း ဖြစ်ပေသည်။ ထိုကြောင့် ရေသည် သက်ရှိအဖို့ လွန်စွာအရေးကြီးလေသည်။ဓာတုဗေဒအလိုအားဖြင့် ရေသည် အဆင်းမရှိသည့်အရည်တစ်မျိုး ဖြစ်၍ ရေကို ဓာတုသင်္ကေတဖြင့် H2O ဖြစ်သည်။[၁]
ဓာတ်ကြီးလေးပါးအနက် အာပေါဓာတ်ရေသည် ကမ္ဘာမြေပေါ်တွင် အရည်အခြေအနေအဖြစ် အများဆုံးတွေ့ရသည့် အရာဝတ္ထုဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင် လေးပုံသုံးပုံကို ဖုံးလွှမ်းလျက်ရှိသည်။ သန့်စင်သည့်ရေသည် အနံ့အသက်၊ အရောင်အဆင်း မရှိပါ။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာများတွင် ရေအမြောက်အမြားကို တွေ့ရှိနိုင်သည်။ မိုးရေသည် တိမ်လွှာများ ငွေ့ရည်ဖွဲ့ရာမှ ဖြစ်ပေါ်လာသည့် ရေစက်များဖြစ်သည်။ အအေးလွန်သည့်အခါများတွင် ရေသည် အခဲဘဝသို့ ပြောင်းကာ ရေခဲဖြစ်လာသည်။ အအေးပိုသည့်ရာသီတွင် မိုးရေများသည် ရေခဲ သို့မဟုတ် နှင်းများအဖြစ် ရွာချတတ်သည်။ အင်မတန်ပူပြင်းသည့်အခါ ရေများ ဆူပွက်ကာ အငွေ့အဖြစ် ပြောင်းလဲတတ်သည်။
အပင်များနှင့် လူအပါအဝင်သတ္တဝါများသည် အသက်ရှင်သန်နိုင်ရန်အာဟာရဓာတ်များအတွက် ရေကိုအားထားကြရသည်။ ရေသည်လည်း ဓာတုပစ္စည်းများ ဓာတ်ပြုရာတွင် ကြားခံဒြပ်တမျိုးဖြစ်သည့်အပြင် သွေးသားများတွင် အဓိကပါဝင်သည့် ပစ္စည်းဖြစ်သည်။
ရေ သံသရာလည်ပုံသတ္တဝါများသည် ရေကို အရေပြားမှတဆင့် ချွေးအဖြစ်စစ်ထုတ်ကာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးသည်။ ရေ၏အကူအညီဖြင့် သွေးသည် အဟာရဓာတ်များကို အစာအိမ်မှတဆင့် ခန္ဓာကိုယ်၏ အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ သွေးများကအောက်ဆီဂျင်ဓာတ်ကို အဆုပ်မှတဆင့် ကိုယ်ခန္ဓာသို့ ပို့ဆောင်ရာတွင်လည်း ရေမှ ကူညီပေးသည်။ သတ္တဝါများ အစာချေရာတွင် ရေဓာတ်ပါဝင်သည့် တံတွေးများ လိုအပ်သည်။ လူ့ခန္ဓာကိုယ်မှ မကောင်းသည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်စစ်ထုတ်ရာတွင် ရေလိုအပ်သည်။ လူ့ခန္ဓာကိုယ်၏ ၆၀ - ၇၀ % မှာ ရေဖြစ်သည်။
နွားနို့၊ သစ်သီးဖျော်ရည်၊ ဝိုင်စသည့် သောက်သုံးဖွယ်ရာများတွင် အဓိကပါဝင်သည့် ပစ္စည်းမှာ ရေဖြစ်သည်။ပင်လယ်သမုဒ္ဒရာအတွင်းရှိ ရေများသည် ရေငံဖြစ်ပြီးမြစ်ချောင်း၊အင်းအိုင်မှ ရေများမှာ ရေချိုများဖြစ်သည်။ ကမ္ဘာပေါ်တွင် သောက်သုံးနိုင်သည့် ရေချိုရာခိုင်နှုန်း ၃ % သာရှိပြီး ကျန်သည်မှာ ရေငံများဖြစ်သည်။[၂][၃].
ရေမော်လီကျူးတွင်ဟိုက်ဒရိုဂျင်အက်တမ် ၂ ခုနှင့်အောက်ဆီဂျင်အက်တမ် ၁ ခုစီပါဝင်ဖွဲ့စည်းထားသည်။ ရေ၏ ဓာတုသင်္ကေတမှာ H2O ဖြစ်သည်။ ရေတွင် မျက်နှာပြင်တင်းအား ရှိသောကြောင့် အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ပြန့်မသွားပဲ သေးငယ်သည့် ရေစက်အဖြစ် တွေ့ရှိရခြင်းဖြစ်သည်။
ရေ၏ပုံသဏ္ဌာန်
စိုက်ကွင်းတစ်ခုမှ ရေသွင်းမြောင်းစိုက်ပျိုးရေးတွင် ရေ၏ အရေးအပါဆုံး အသုံးဝင်ပုံမှာ ရေသွင်းစိုက်ပျိုးရေးဖြစ်သည်။ ရေသွင်းစိုက်ပျိုးရေးသည် စားနပ်ရိက္ခာ ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သော့ချက်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ရေ ၉၀ % ကို စိုက်ပျိုးရေးတွင် အသုံးချကြသည်။[၅]
မိန်းခလေးတစ်ဦး ရေသန့်ဗူးမှရေကို သောက်သုံးနေပုံ။လူ့ခန္ဓာကိုယ်တွင် အရွယ်အစားအလိုက် ရေပါဝင်နှုင်း ၅၅ % မှ ၇၈ % အထိပါရှိသည်။[၆] အလုပ်ကောင်းကောင်းလုပ်နိုင်ရန် လူ့ခန္ဓာကိုယ်သည် နေ့စဉ် ရေ ၇ လီတာ လိုအပ်သည်။ တိကျသည့် ပမာဏမှာ လှုပ်ရှားမှု၊အပူချိန်၊ စိုထိုင်းဆနှင့် အခြားအချက်များပေါ်တွင်လည်း မူတည်သည်။ ရေဓာတ်အများစုကို တိုက်ရိုက်သောက်သုံးခြင်းအပြင် အစားအစာနှင့် ဖျော်ရည်များမှ ရရှိသည်။ သန်မာသည့် လူတစ်ဦး ရေမည်မျှ သောက်သုံးရန် လိုအပ်သည်ကို တိတိကျကျ မသိရသေးသော်လည်း အနည်းဆုံးအားဖြင့် နေ့စဉ် ၆-၇ ဖန်ခွက်ခန့် (၂ လီတာခန့်) သောက်သုံးသင့်သည်ဟု ယူဆထားကြသည်။[၇] ဆေးပညာကျမ်းဂန်များတွင်မူ ကိုယ်လက်လှုပ်ရှားမှုနှင့် ပူအိုက်သည့် ရာသီကြောင့် ချွေးထွက်ြခင်းကို ထည့်မတွက်လျှင် သာမန် ယောက်ျားတဦးသည် နေ့စဉ် ရေ ၁ လီတာ သောက်သုံးသင့်ကြောင်း ဖော်ပြထားသည်။[၈]
သောက်သုံးရန်မသင့်သည့်ရေကို ညွှန်းသည့် သင်္ကေတကျောက်ကပ် ပုံမှန်အလုပ်လုပ်သူများအဖို့ ရေများများ သောက်သုံးရန် ခက်ခဲသော်လည်း (အထူးသဖြင့် ပူအိုက်စွတ်စိုသည့်ရာသီနှင့် အားကစား လှုပ်ရှားချိန်တွင်) ရေအသောက်နည်းပါက ဥပဒ်ဖြစ်နိုင်သည်။ အားကစားလုပ်ချိန်တွင် လိုသည်ထက်ပို သောက်သုံးနိုင်သော်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရေအဆိပ်သင့်မှု ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နေ့စဉ် ရေ ၈ ခွက် သောက်သုံးသင့်သည်ဆိုသည့်အချက်မှာ သိပ္ပံပညာအရ အထောက်အထားများ မရှိသေးပါ။[၉]
သာမန်အားဖြင့် ရေဓာတ် ၂၀ % ကို အစားအစာများမှရရှိသည်။ ကျန်သည်မှာ ရေနှင့် ဖျော်ရည်သောက်သုံးမှုမှ ရရှိသည်။ လူ့ခန္ဓာကိုယ်မှ ရေဓာတ်ကို ဆီး၊ ချွေး သို့ မဟုတ် ထွက်သက်မှ ရေငွေ့အသွင်ဖြင့် စွန့်ထုတ်လေ့ရှိသည်။ အားကစားနှင့် ပူအိုက်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးမှု တိုးမြင့်လာသည့်အလျောက် နေ့စဉ် ရေဓာတ်လိုအပ်မှုလည်း တိုးမြင့်လာသည်။
လူသားများသည် ညစ်ညမ်းမှုနည်းပါးသည့် ရေကို လိုအပ်သည်။ အတွေ့များသည့် ညစ်ညမ်းပစ္စည်းများတွင် သတ္တုဓာတ်ဆား၊ဗက်တီးရီးယားတို့ ပါဝင်သည်။[၁၀]