“ပြိတ္တာ” ဟူသောစကားရပ်သည် “ပေတ္တိ” နှင့် “ပေတ”[၁][၂] ဟူသော ပါဠိမှဆင်းသက်၍ ပြိတ္တာဟု မြန်မာဝေါဟာရအားဖြင့် ခေါ်စမှတ်ပြုကြသည်။
“ သုခတော ပကဋ္ဌေနဣတာ ဂတာတိပေတာ ”
ချမ်းသာသုခအပေါင်းမှ ဝေးကွာသောသတ္တဝါများကို ပေတ =“ပြိတ္တာ” ဟုခေါ်သည်။ ၎င်းတို့အတွက် သီးခြားဘုံ မရှိချေ။
ပြိတ္တာများသည် လူ့ပြည်လောကအတွင်းမှာပင် တောတောင်၊ မြစ်ချောင်း၊ တောင်စောင်း၊ လိုဏ်ဂူ၊ သုဿန် စသောအရပ်များကို မှီခို၍ ဆင်းရဲစွာ ခံစားနေရလေသည့် သတ္တဝါတစ်မျိုး ဖြစ်လေသည်။ ဤ “ပြိတ္တာ” များတွင် တစ္ဆေ၊ သရဲ၊ မှင်စာ၊ သဘက်၊ ဘီလူးစသည်ဖြင့် အမျိုးပေါင်းများစွာရှိသည်။ နှစ်ပေါင်းများစွာ မစားရ မသောက်ရချေ။ အချို့မှာ လူတို့၏ ထမင်းလုံး၊ ဟင်းသိုး၊ သလိပ်၊ ချွဲ၊ တံတွေး၊ မစင်၊ အရိအရွဲ စသည်တို့ကိုသာ စားသောက်ကြရသည်။ ဂိဇ္ဈကုဋ်တောင်တွင်နေသော ပြိတ္တာများမှာ ငရဲသားများ ကဲ့သို့ပင် လွန်စွာဆင်းရဲဒုက္ခရောက်ကြသည်။ မိမိပြုခဲ့သော မကောင်းမှုဖြင့် ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်း စသော ဆင်းရဲကို ခံစားလျှက် နှစ်ပေါင်းရာထောင် သိန်းသန်းမက ဘုရားတစ်ဆူနှင့် တစ်ဆူအကြားသော်လည်း မကျွတ်မလွတ်နိုင်ဘဲနေကြရသည်။ ထိုမျှလောက်သော ကာလပတ်လုံး ထမင်းတစ်လုံး ရေတစ်ပေါက်မျှ မစားမသောက်ရဘဲ မိမိပြုခဲ့သော အကုသိုလ် ကံ မကုန်သေး သောကြောင့် သေဆုံးခြင်းမရှိဘဲ အသားအသွေးမရှိ အရေ အကြော အရိုးများသာရှိပြီးလျှင် အလွန်ဆိုးရွားသော အဆင်းဖြင့် ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ ရုပ်အဆင်းဖြင့် တည်ရှိလေသည်။
ပြိတ္တာမျိုးပေါင်း များစွာရှိသည်။ အဓိကကျသည့် ပြိတ္တာများမှာ-
ထိုပြိတ္တာမျိုးများအပြင် နာမည်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ရှိသော ပြိတ္တာများလည်းရှိသေးသည်။
ပြိတ္တာသည် ဝန္တာသိကပြိတ္တာ၊ ခုပ္ပိပါသိက ပြိတ္တာ။ နိဇ္ဈာမတဏှိက ပြိတ္တာ၊ ပရဒတ္တူပဇီဝီ ပြိတ္တာ ဟု (၄) မျိုးရှိသည်။[၄]
ပြိတ္တာတို့၌ ကာလကဉ္စိကအသုရာ တို့လည်း ပါဝင်သည်။ ဝေပစိတ္တိအသုရာနှင့် ပရိသတ် တို့ကား နတ်တို့၌ပါဝင်သည်။ ထိုပြင် နတ်တို့၌ပါဝင်သော ဝေမာနိကပြိတ္တာတို့လည်း ရှိကြသည်။[၅]
ထိုဝေမာနိကပြိတ္တာတို့သည် နေ့ခံ, ညစံများ ဖြစ်ကြသည်။[၆]
၎င်းတို့ကို ဝိမာနပြိတ္တာ ဟုလည်းခေါ်သည်။ ထိုပြိတ္တာတို့သည် လူ့ဘဝက စွဲလမ်းခဲ့ရသော မယားတို့ကို လည်းပေါင်းဖော်ကြသည်။[၇]
ကျင်ကြီးအိမ်၌လည်း ပြိတ္တာဖြစ်ကြသည်။[၈]
မသေမီကပင်လျှင် အစား ဆင်းရဲ အဝတ်ဆင်းရဲလျက် ဆင်းရဲကြီး ရောက်နေသူကို “ပြိတ္တာ၊ လူပြိတ္တာ”ဟုလည်း သုံးနှုန်းသည်။[၉]
အာဝါသမစ္ဆရိယကြောင့် သံပူငရဲ၌ဖြစ်ပြီးနောက် ဘီလူးပြိတ္တာဖြစ်လျက် ထိုကျောင်း၌ အမှိုက်ပုံကို ခေါင်းအုံးအိပ်ရသောပြိတ္တာ ဖြစ်ရလေသည်၊ လာဘမစ္ဆရိယကြောင့် ဘင်ပုတ် ငရဲ၌ဖြစ်ပြီးနောက် ဘီလူးပြိတ္တာဖြစ်လျက် တဖန်မြွေကြီး ဖြစ် ရလေသည်။[၁၀]
ပြိတ္တာပူးဝင်နေသော သူသေကောင်, ဖုတ်ကောင်တို့ကိုလည်း “ပြိတ္တာ” ဟု သုံးနှုန်းသည်။ ပေတပရိဂ္ဂဟ-ကြည့်။
ကာလကဉ္စိကာ အသုရာနတ်တို့နှင့် အဆင်း စည်းစိမ် အာဟာရ သက်တန်းတူကြသော ပြိတ္တာတို့သည် အာဝါဟဝိဝါဟ ပြုကြသည်။[၁၁]
ပြိတ္တာတို့ကို ယမမင်း၏ယောက်ျားတို့ ဟု လည်းခေါ်သည်။[၁၂]
ပြိတ္တာတို့၏ နေရာဌာနသည် ပြိတ္တာဘုံ ပြိတ္တာလောက ဖြစ်သည်။[၁၃]
ရာဇဂြိုဟ် အနီးတဝိုက်၌ ပြိတ္တာလောက ကြီးရှိသည်။ အချို့ကား လောဟကုမ္ဘီ ငရဲကို ပြိတ္တာဘုံဟု ဆိုကြသည်။[၁၄]
ပြိတ္တာတို့၏ နေရာဖြစ်သော သီးခြားငရဲကို ပေတလောက-ပြိတ္တာဘုံဟု ခေါ်သည်။[၁၅]
ပြိတ္တာတို့၌ အဏ္ဍဇ ယောနိ၊ ဇလာဗုဇယောနိ၊ သံသေဒဇယောနိ၊ ဩပပါတိကယောနိ ဟု ယောနိလေးပါးလုံး ရသည်။[၁၆]
နိဇ္ဈာမတဏှိက ပြိတ္တာတို့ကို ဆင်းရဲခြင်းသည် အမြဲနှိပ်စက်နေသောကြောင့် ကာမမှီဝဲခြင်း မရှိရကား ထိုပြိတ္တာတို့အား ဂဗ္ဘသေယျက မရှိ။[၁၇]
ပြိတ္တာဘုံ၌ ဆွေမျိုး မတော်သော ပြိတ္တာ မရှိသောအခါဟူ၍ မရှိ၊[၁၈][၁၉]
ပြိတ္တာအမျိုးအစားပေါင်းများစွာထဲတွင် သာဓုခေါ်ခွင့်ရတဲ့ ပြိတ္တာမှာပရဒတ္တူပဇီဝိကပြိတ္တာ ဆိုတဲ့ တစ်မျိုးသာ ရှိသည်။ ကျန်တဲ့ ပြိတ္တာကောင်များသည် သူ့ကို အမျှပေးနေရင်လည်း မသိဘူး။ သိလဲ မခေါ်ဘူး။ အဝိဇ္ဖာနဲ့ တဏှာဖုံးနေသောကြောင့် ဖြစ်သည်။ ကောင်းသော ကံသင်္ခါရကို မလုပ်ချင်ပါ။ သာဓုခေါ်ရမယ်လို့ကို မသိတော့ပါ။