အပင်--တစ်နှစ်ခံ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့်တစ်ပေခန့်အထိ ရှိတတ်ပြီး အမြဲစိမ်း ပင်ဖြစ်သည်။ ပင်စည်လုံး အလွန် သေးငယ်၍ ချောမွေ့သည်။
အရွက်--- အရွက်များ လွန်စွာ ဖြာထွက်သည်။ ရွက်နားဝိုက်များ အလွန်ဟိုက်ကာ အဝိုက် ၃ ခု သို့မဟုတ် ၃ ခု ထက် ပို၍ ပါရှိ၏။ အဝိုက်များသည် အပ်ချည်ကဲ့သို့ ကွဲဖြာနေသည်။ ရွက်ပြား အစိမ်းဖျော့ရောင်ရှိသည်။
အပွင့်--- အလွန်သေး ငယ်၍ အဖြူရောင် ရှိသည်။ ထီးပုံ ပန်းခိုင်မှ ပွင့်သည်။
အသီး--- ညိုဝါရောင် ရှိ၍ လုံးသည်။ အက်ကွဲသီး ဖြစ်၍ အခန်း လေးများတွင် တစ်ဖက်လုံး တစ်ဖက်ခွက် နေသော အစေ့လေးပါရှိ၏ ။အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အစေ့။
စိုက်ပျိုးပုံ-
(က) စိုက်ခင်းမြေပြင်ခြင်း။
အလျား ပေ ၂၀ ၊ အနံ ၄ပေ ရှိ စိုက်ခင်း ဘောင်များကို မြေကောင်းစွာ မှုန့်ညက်အောင် ပြုပြင်ရန် လိုသည်။ မြေအား ပြုပြင်ပြီး နောက် နောက်ချေး မြေဆွေး ရသလောက် ဖြင့် ရောမွှေရမည်။
(ခ) စိုက်ပျိုးခြင်း။
ပေ ၂၀ ၊ ၄ ပေရှိ စိုက်ခင်း တစ်ဘောင် အတွက် မျိုးစေ့ တစ်ကျပ်သား ခန့် လိုသည်။ မစိုက်ပျိုး မီ မျိုးစေ့ များကို ကောင်းစွာ ခြောက်သွေ့စေ ပြီး ၇ရက်ခန့် ရေစိမ်၍ ဖောက်ထားပြီး မှ ကြဲပက် စိုက်ပျိုး သင့်သည်။ အပင် ထူလျှင် ၄ လက်မခြား ခန့် လက်ကြားခွဲ ပေးသင့်သည်။
(ဂ) ရေစုပ်ခြင်း။
စိုက်ပျိုး ပြီး လျှင် ပြီးချင်း ကောက်ရိုးဖြင့် စိုက်ဘောင်အား ခပ်ပါးပါး ဖုံးအုပ်၍ ရေရွှဲရွှဲ လောင်းပေးရ မည်။ နေ့စဉ် မှန်မှန် ရေလောင်းပေး သင့်သည်။
(ဃ) ဆွတ်ခူးခြင်း။
စိုက်ပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း နုတ်ယူ စားသုံးနိုင်သည်။