လှပသောတံခါးဆုံလည် တံခါး သည် တံခါးများအား စု၍ ဖွဲ့စည်းထားသည့် တံခါးအမျိုးအစားဖြစ်၍ စက်ဝိုင်းကဲ့သို့ လည်နေပြီး လူပုဂ္ဂိုလ်တစ်ဦးက တွန်းဖွင့်ခြင်းဖြင့် ဖြတ်သန်းသွားလာနိုင်သည်။
ဘလိုင်း တံခါး ဆိုသည်မှာ တံခါးအတု တစ်ခုဖြစ်ပြီး နံရံ၏ အစိတ်အပိုင်းတစ်ခုအဖြစ်တည်ရှိသည်။ လူတို့သည် ဘလိုင်းတံခါးများကို အခန်းလှပရန်အတွက် အသုံးပြုကြသည်။
အပေါ်လိတ် တံခါးအား ဂါးရေ့များတွင် အများဆုံးတွေ့ရတတ်သည်။ ပတ္တာအစား ရောင်ဆွဲ အသုံးပြုပြီး လိတ်တက်စေခြင်းဖြင့် အဆောက်အဦး၏ အပေါ်ပိုင်းတွင် ရှိနေစေသည်။
မီးကာ တံခါးဆိုသည်မှာ မီးဖြတ်သန်းသွားခြင်း မရှိစေအောင် စီမံထားသည့် တံခါးအမျိုးအစားဖြစ်သည်။ အများအားဖြင့် ထူထဲသည့် စတီးလ်အသုံးပြု၍ ပြုလုပ်ထားကြသည်။
ခွေးတိုးပေါက် တံခါး ဆိုသည်မှာ ခွေး၊ ကြောင် စသည့် အိမ်မွေးတိရစ္ဆာန်ငယ်လေးများ ဝင်ထွက်သွားလာနိုင်အောင် ဖန်တီးထားသည့် တံခါးငယ်လေးများကိုခေါ်သည်။ ထိုတံခါးများအား တံခါးမကြီးများ၏အောက်ခြေတွင် ထည့်သွင်းတည်ဆောက်ထားလေ့ရှိသည်။
ခွေးဝင်ပေါက်တံခါး- ကြည့်ရှုလေ့လာနိုင်သော တံခါးများ၏ သမိုင်းကြောင်း အကျဉ်း
Rococo door on Rue Monsieur-le-Prince (Paris)
19th century
Eclectic Classicist door on Rue La Bruyère (Paris)