Movatterモバイル変換


[0]ホーム

URL:


မာတိကာသို့ ခုန်သွားရန်
ဝီကီပီးဒီးယား
ရှာဖွေရန်

ဆိုတို

ဝီကီပီးဒီးယား မှ
Soto
အဝါရောင်သန်းသည့် အုန်းနို့ဟင်းရည်ဖြင့် ပြုလုပ်ထားပြီး ပါးပါးလေး လှီးထားသော လွန်တောင် ဆန်မုန့်နှင့် ကြက်သွန်ကြော် ထည့်ထားသောဆိုတို အာယမ် သို့မဟုတ် ကြက်သားဆိုတို
အခြားအမည်များSroto, Coto, Tauto
အဓိကသုံးဆောင်မှုအဓိက ဟင်းလျာ
မူရင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံ
ဒေသအင်ဒိုနီးရှား နိုင်ငံတဝှမ်း၊ မလေးရှား၊ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံ
ဆက်နွယ်သောအမျိုးသားအစားအစာအင်ဒိုနီးရှား အစားအစာ
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းအင်ဒိုနီးရှားရိုးရာ ကြက်သား၊ အမဲသားနှင့် ဝမ်းတွင်းသား မျိုးစုံ ဟင်းရည်
မျိုးကွဲများအင်ဒိုနီးရှားနိုင်ငံတစ်ဝန်း မျိုးကွဲများစွာရှိ
Cookbook:Soto Media:Soto

ဆိုတိုသည် ဟင်းရည်၊ အသားနှင့် အရွက်တို့ဖြင့် ပြုလုပ်ထားသော အင်ဒိုနီးရှား ရိုရာ စွပ်ပြုတ်တစ်မျိုးဖြစ်သည်။ များစွာသော ရိုးရား စွပ်ပြုတ်တို့ကို ဆိုတို (soto) ဟုခေါ်ပြီး နိုင်ငံရပ်ခြားနှင့် အနောက်တိုင်း လွှမ်းမိုးမှုရှိသော စွပ်ပြုတ်ကိုတော့ ဆော့ပ် (sop) ဟုခေါ်သည်။

ဆိုတိုကို အင်ဒိုနီးရှား အမျိုးသား ဟင်းလျာ[]အဖြစ် မှတ်ယူထားကြပြီး ဆူမာတြာကျွန်းမှသည် အနောက်ပါပူအာကျွန်းအထိ ပျံနှံ့ စားသုံးကြသည်။ ဆိုတိုကို အင်ဒိုနီးရှားနိုင်ငံအနှံ ဝါရွန်းလို့ခေါ်သော လမ်းဘေး ဆိုင်သေးသေးလေးများ၊ လမ်းထောင့်တို့တွင် ရောင်းချသော လမ်းဘေးဈေးသည်များမှအစ စားသောက်ဆိုင်နှင့် ဇိမ်ခံဟိုတယ်များအဆုံး နေရာဒေသမရွေးရရှိနိုင်သည်။[] အင်ဒိုနီးရှား၏ ကြက်သားစွပ်ပြုတ်မှာ ဆိုတို အထူးသဖြင့် ဆိုတို အာယမ် (ကြက်သားဆိုတို) ဖြစ်ပြီး နူးညံသော အရသာကို ပူပူနွေးနွေး သုံးဆောင်ရသည်။ ထိုကြောင့် ဆိုတိုကို အင်ဒိုနီးရှားနိုင်ငံ၏ နွေးထွေးစေသော အစားအစာ (comfort food) အဖြစ် မှတ်ယူထားကြသည်။[][][]

အင်ဒိုနီးရှားနိုင်ငံမှ များပြားလှသော ရွေ့ပြောင်းလုပ်သားများကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သောစင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် ဤဟင်းလျာကို တွေ့ရှိနိုင်ပြီး ထိုနိုင်ငံများ၏ အစားအစာသဖွယ် ဖြစ်၍ နေခဲ့သည်။

ဂျားဗားကျွန်းမှ ရွေ့ပြောင်းလာသူများကြောင့် ဆူရာနမ်နိုင်ငံတွင် ဤဟင်းလျာသည် ထိုနိုင်ငံ၏ အမျိုးသား ဟင်းလျာတစ်ခုသဖွယ် ဖြစ်လာခဲ့ပြီးဆာအာတို (saoto) ဟုခေါ်ကြသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အင်ဒိုနီးရှားကျွန်းစုတွင် ဆိုတိုကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ ဂျာဗားဒေသစကားဖြင့် ဆိုလျှင်soto ဟုခေါ်ပြီး ပီကလွန်ဂန်တွင် ထိုဟင်းကိုtauto ဟုခေါ်ကြသည်။ မာကာဆာသို့ ပျံ့နှံ့သွားသည့်အခါတွင်coto ဟူ၍ ထိုဟင်းကို ခေါ်ခဲ့ကြသည်။ ဆိုတိုသည် မူရင်း ဂျားဗားကျွန်းမှ ဖြစ်ပြီး ထိုကျွန်း အနှံ့မှ အခြားဒေသများသို့ ပျံ့နှံ့သွားကာ ဆိုတို အမျိုးအစား အများအပြား ကွဲပြားသွားခဲ့ခြင်း ဖြစ်သည်။[]

ဆိုတိုသည် အင်ဒိုနီးရှားကျွန်းစုမှ မူရင်းဖြစ်ခဲ့ပြီး အခြားသော ဒေသများတွင် ကိုယ်ပိုင် ဆိုတို ဟင်းချက်နည်းတို့ဖြင့် ဖြစ်ထွန်းလာခဲ့သော ဟင်းလျာဖြစ်သည်မှာ မှန်သော်လည်း သမိုင်းပညာရှင်များက ဤဟင်းလျာမှာ အခြားသော တိုင်းတစ်ပါး ဟင်းချက်နည်း အထူးသဖြင်း တရုတ်ဟင်းချက်နည်းကို မှီး၍ ထွက်ပေါ်လာသည်ဟု ယူဆကြသည်။ ဒန်နီ လွန်ဘတ်မှ သူ၏ စာအုပ်Le Carrefour Javanais ထဲတွင် ဆိုတို၏ မူလအစမှာ တရုတ်စွပ်ပြုတ်caudo (တရုတ်:草肚;ပင်ယင်:tsháu-tōo; literally "Tripe") ဖြစ်ပြီး ဒတ်ချ် အရှေ့အိန္ဒိယခေတ် ၁၇ ရာစုခန့်က ဆီမာရန်တွင် နေထိုင်ကြသော တရုတ်လူမျိုးတို့ ချက်ပြုတ်ခဲ့သော ဟင်းလျာဖြစ်မည်ဟု ယူဆခဲ့သည်။.[]

ဤအသားတို့ဖြင့် ချက်ထားသော ဟင်းရည်သည် ဒေသအများအပြားတွင် လွှမ်းမိုးမှု ရှိနေပြီး မိမိတို့ ဒေသအလိုက် ရရှိနိုင်သော အမယ်များ၊ ဒေသအလိုက် အကြိုက်တို့ဖြင့် ပြုပြင်ပြောင်းလဲ၍ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ခဲ့ကြသည်။ ထိုအချက်တို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြား၌ အများစုံသော ဆိုတိုဟင်းရည်များ ပေါလျံကြွယ်ဝစွာ ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ပါဝင်သော အမယ်များ

[ပြင်ဆင်ရန်]
အမဲအူဆာတေးနှင့် ကြက်ဥတို့ဖြင့် တွဲဖက်တည့်ခင်းထားသော ကြက်သား ဆိုတို

အသားတွင် ကြက်သားနှင့် အမဲသားကို အဓိကအားဖြင့် အသုံးပြုကြပြီး ဝမ်းတွင်းသား၊ သိုးသားနှင့် ကျွဲသားတို့ကိုလည်း အသုံးကြသေးသည်။ အင်ဒိုနီးရှားရိုးရာ ဆိုတိုတွင် ဝက်သားအသုံးပြုမှုမှာ ရှားပါးလှပြီး ဟိန္ဒူ အဓိကကိုးကွယ်သော ဘာလီကျွန်းတွင် ဆိုတို ဘာဘီ (ဝက်သား ဆိုတို)ကို တွေ့နိုင်သည်။[] ဆိုတိုကို များသောအားဖြင့် ထမင်း သို့မဟုတ် ဆန်မုန့် (လွန်တောင်,ကဲ့တူပတ် သို့မဟုတ်ဘူရာဆာ) တို့နှင့် တွဲဖက်စားသုံးကြသည်။

အခြားသော အမယ်များမှာ ဆော့ဟွန်းဟုခေါ်သော ဆန်ကြာဇံ၊ ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ်တို့ ဖြစ်ကြသည်။ ဆိုတိုထဲတွင်ကြက်သွန်နီကလေးကြက်သွန်ဖြူနနွင်းပတဲကောကြီး၊ ဂျင်းတက်၊နံနံပင်ဆားနှင့်ငရုတ်ကောင်းစသော ဟင်းခတ်အမွေးအကြိုင်တို့ကို အများအားဖြင့် အသုံးပြုကြသည်။

ဆိုတိုအရည်၏ အကျဲအပစ်၊ အရောင်နှင့် ဆိုတိုထဲတွင် ပါဝင်သော အရာတို့မှာ ချက်ပြုတ်နည်းများပေါ် မူတည်၍ ကွဲပြားကြသည်။ ဆိုတိုသည် ဘန်ဒေါင်းဆိုတိုကဲ့သို့ အရည်ကျဲကျဲ ဆိုတိုဖြစ်စေ၊ အဝါရောင် (နနွင်းပါဝင်မှုကြောင့်) သန်းသည့် ဆိုတိုဖြစ်စေ၊ ဒါ့မှမဟုတ် ဆိုတိုအာယမ်းကဲသို့ဖြစ်စေ၊ အုန်းနို့ သို့မဟုတ် နို့ဖြင့်ပြုလုပ်သည့် ဆိုတိုကာကီ သို့မဟုတ် ဆိုတို ဘီတဝီ ကဲ့သို့ဖြစ်စေ တွေ့ရနိုင်သည်။


မလေးရှားနှင့် စင်ကာပူတို့ရှိ ဆိုတိုမှာ ကြက်သားပြုတ်ရည် ကျဲကျဲထဲတွင် ထမင်းတုံးတို့အား ထည့်ထားပြီး စပ်သော အရသာရှိသည်။ ဤသည်မှာ အဝါရောင်သန်းသည့် အရည်ကျဲကျဲတို့ဖြင့် တည့်ခင်းသော ဆိုတို အာယမ်နှင့် တူပြီး အရှေ့ဂျားဗားရှိ ဆိုတို လာမွန်ငန် နှင့် ဆိုတို မာဒူရာတို့နှင့်လည်း ဆင်တူသည်။ အခြားသော ဟင်းလျာများကဲ့သို့ပင် နှစ်ဆယ်ရာစု အစောပိုင်းကာလ၌ ရွေ့ပြောင်းနေထိုင်ကြသော ဂျားဗားလူမျိုးတို့သည် နိုင်ငံအနှံ ဤကဲ့သို့ ဟင်းလျာချက်ပြုတ်နည်းတို့ကို သယ်ဆောင်သွားခဲ့သည်။


အမျိုးကွဲများ

[ပြင်ဆင်ရန်]

ရရှိနိုင်သော အမယ်နှင့် ဒေသအလိုက် အကြိုက်အရသာပေါ် မူတည်၍ အင်ဒိုနီးရှားကျွန်းစုအတွင်း ဆိုတိုချက်နည်းများ ပျံနှံ့တည်ရှိနေရာ အင်ဒိုနီးရှားတွင် ဆိုတိုချက်နည်းနှင့် မျိုးကွဲ မြောက်မြားစွာ ရှိ၍ နေပါသည်။[]

ဒေသအလိုက်

[ပြင်ဆင်ရန်]
ကလီစာကို နို့နှစ် သို့မဟုတ် အုန်းနို့ ဟင်းရည်တွင် ထည့်ချက်သည့်ဂျာကာတာမြို့မှဆိုတို ဘဲတာဝီ

အချို့ဆိုတိုတို့၏ အမည်ကို ပြုလုပ်သည့် ဒေသ သို့မဟုတ် မြို့နာမည်ကို အခြေခံ၍ ပေးထားသည်။ ၎င်းဒေသအလိုက် မျိုးကွဲတို့မှာ -

  • အမ်ဘွန် ဆိုတို – ကြက်သား၊ ဟင်းရည်၊ အနံအရသာအတွက် နနွင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပတဲကောကြီး၊ စပါးလင်နှင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်သည်။ ထမင်းနှင့် တွဲဖက်စားသုံးပြီး ပဲပင်ပေါက်၊ ကြက်သားမွ၊ ကြာဇံ၊ တရုတ်နံနံ၊ ရွှေရောင်းသန်းအောင် ကြော်ထားသာ ကြက်သွန်ကြော်၊ အားလူးချောင်းကြော်၊ ကဲကပ် မန်နစ် (ပဲငံပြာရည်ချို)၊ ဆော့အစပ်နှင့် အားလူးကတ်သလိပ်တို့ဖြင့် အုပ်၍ သုံးဆောင်ကြသည်။
  • ဘန်ဒေါင်း ဆိုတို – အမဲသားဖြင့် ပြုလုပ်ပြီး မုန်လာဥဖြူတို့ ထည့်ထားသည့် အရှည်ကျဲကျဲ ဆိုတိုဖြစ်သည်။[၁၀]
  • ဘန်ဂျာ ဆိုတို – စမုန်စပါး၊ လေးညှင်း၊ သစ်ဂျပိုးနှင့် စပါးလင် စသော ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုပြီး၊ဆမ်ဘဲ ဟုခေါ်သည့် ဆော့အစပ်တစ်မျိုးကို အသုံးပြုကာ အားလူးမုန့်ဖြင့် တွဲဖက်၍ စားသုံးသည်။[၁၀]
  • ဘန်နျူမက် ဆိုတို,ဆရိုတို ဘန်နျူမက် သို့မဟုတ်ဆရိုတို ဆိုကာရာဂျာ – မြေပဲဆော့အစပ်ဖြင့် အထူးပြုလုပ်ထားပြီးကဲ့တူပတ် ဆန်မုန့်ဖြင့် တွဲဖက်စားသုံးသည်။
  • ဘဲတာဝီ ဆိုတို – အမဲသား သို့မဟုတ် အမဲဝမ်းတွင်းသားကို နွားနို့ သို့မဟုတ် အုန်းနို့ ဟင်းရည်ထဲတွင် အားလူးနှင့် ခရမ်းချဉ်သီးတို့ဖြင့် ချက်ပြုတ်သည်။
  • ကဲဒီရီ ဆိုတို – အုန်းနိုဖြင့်ချက်သော ကြက်သားဆိုတို။
  • ကုဒု ဆိုတို – ဘာသာရေးအရ အမဲသားမစားရန် ပညက်ထား၍ ကျွဲသားဖြင့် ပြုလုပ်ထားသော ဆိုတို
  • လာမွန်ငန် ဆိုတို – အင်ဒိုနီးရှား မြို့ပြဧရိယာများတွင် လူကြိုက်များလှသော လမ်းဘေးအစားအစာ တစ်မျိုးဖြစ်ပြီး မာဒူရာဆိုတို၏ မျိုးကွဲတစ်ခုဖြစ်သည်။
  • မာဒူရာ ဆိုတို သို့မဟုတ်soto Sulung/soto Ambengan – ကြက်သား၊ အမဲသား သို့မဟုတ် ဝမ်းတွင်းသား တစ်မျိုးမျိုးဖြင့် ပြုလုပ်ပြီး ဟင်းရည် အဝါရောင် ဖျောဖျော့ရှိသည်။
  • မာကက်ဆာ ဆိုတို[၁၁] orကိုတို မာကက်ဆာ – အမဲသားနှင့် ဝက်တွင်းသားတို့ကို မြေပဲအနှစ်ဖြင့် ချက်ပြုတ်သည်။
  • မေဒန် ဆိုတို –အုန်းနို့ဖြင့်ချက်သော ကြက်သား/ ဝက်သား/ အမဲသား/ အူစုံ ဆိုတိုဖြစ်ပြီး အာလူးကတ်သလိပ် (ပါကဲ့ဒယ်) နှင့် တွဲဖက်စားသုံးသည်။ အသားတို့ကို ဟင်းရည်နှင့်မရောမှီ ကြိုတင်၍ ကြော်ထားသည်။
  • Padang soto[၁၁] –အမဲသားကြော်ကို ပါးပါးလေးလှီး၍ ဘီဟန် (ဆန်ကြာဇံ)နှင့် ပါကဲ့ဒယ် ကန်တန် (အာလူးကတ်သလိပ်) တို့ဖြင့် ပြုလုပ်ထားသော အမဲသား ဟင်းရည်ဆိုတို ဖြစ်သည်။
  • ပီကလွန်ငန် soto ortauto Pekalongan[၁၂]တာအူကို (မီဆို ကဲ့သို့ ပဲပုအနှစ်) ဖြင့် ပြုလုပ်ထားသော ဆိုတို။
  • ဆီမာရာန်း soto – ကြည်လင်သောဟင်းချိုနှင့်အတူ ကြက်သားဆိုတို။
  • တဲဂယ် ဆိုတို သိုမဟုတ်Sauto Tegal – ပီကလွန်ငန် ဆိုတိုနှင့် တူညီပြီး ကြက်သားဆိုတို၊ အမဲသားဆိုတိုနှင့် အမဲဝမ်းတွင်းသား ဆိုတိုတို့ပင် ရနိုင်သည်။

ပါဝင်သော အမယ်ကြီးများအလိုက်

[ပြင်ဆင်ရန်]
ကြက်သွန်ကြော်နှင့် အမ်ပီး မုန့်အကြွပ်ကြောက် ဖြူးထားသော အဝါရောက် အရည်ကျဲကျဲဆိုတို အာယမ်

အခြားသော ဆိုတိုများမှာ အဓိကပါဝင်သော အမယ်ကြီးများအလိုက် အမည်ကွဲပြားကြသည်။ ၎င်းတို့မှာ-

  • ဆိုတို ဘာဘီ – ဘာလီကျွန်းရှိ ဟိန္ဒူလူမျိုးတို့ စားသုံးကြသည့်ဝက်သား ဆိုတို။[]


Gallery

[ပြင်ဆင်ရန်]
  • Soto ayam, chicken soto in turmeric and spices soup
    Soto ayam, chickensoto in turmeric and spices soup
  • Soto Ambengan
    Soto Ambengan
  • Soto babat, tripe soto
    Soto babat, tripe soto
  • Soto babi, pork soto a delicacy from Bali
    Soto babi, porksoto a delicacy fromBali
  • Soto ceker, chicken feet soto
    Soto ceker, chicken feet soto
  • Soto Bandung, beef in clear broth with white radish and fried soy nuts
    Soto Bandung, beef in clear broth with whiteradish and fried soy nuts
  • Soto Kaki Mencos (cow's foot tendons soto), a Betawi specialty
    Soto Kaki Mencos (cow's foot tendons soto), aBetawi specialty
  • Soto Kudus, a type of chicken soto
    Soto Kudus, a type of chickensoto
  • Soto Madura with egg
    Soto Madura with egg
  • Soto Sapi, beef soto from Yogyakarta
    Soto Sapi, beefsoto from Yogyakarta
  • Sauto Tegal, chicken soto
    Sauto Tegal, chickensoto
  • Tauto Pekalongan
    Tauto Pekalongan
  • Soto Purwokerto
    Soto Purwokerto
  • Sroto Sokaraja, Banyumas
    Sroto Sokaraja, Banyumas
  • Soto Kediri
    Soto Kediri
  • Soto Padang, beef soto
    Soto Padang, beef soto
  • Soto Medan
    Soto Medan
  • Soto Banjar
    Soto Banjar
  • Coto Makassar, beef soto
    Coto Makassar, beef soto
  • Soto kambing, goat soto
    Soto kambing, goatsoto
  • Soto mie Bogor, noodle soup dish
    Soto mie Bogor, noodle soup dish
  • Soto Semarang
    Soto Semarang

ကိုးကား

[ပြင်ဆင်ရန်]
  1. Media၊ Kompas Cyber။"Kemenpar Tetapkan 5 Makanan Nasional Indonesia, Ini Daftarnya - Kompas.com"(in id)၊KOMPAS.com 
  2. A Soto CrawlEating Asia(March 21, 2009)။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. Indonesia - Soto Ayam at Malioboro CountryChowhound(October 29, 2011)။5 February 2015 တွင်မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. Sompotan၊ Johan(January 1, 2012)။Soto Siap Susul RendangOkezone.com။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. Indonesian Chicken Noodle Soup (Soto Ayam)Food.com(September 26, 2006)။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  6. Saoto Soup (Surinamese-Javanese)multiculticooking.com။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  7. Frederik၊ Claudine။"Varieties of 'soto' to please all types of palates"၊The Jakarta Post၊ 30 June 2002၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီးArchived fromthe original on 5 March 2016။ 
  8. 12Windratie(3 December 2014)။Jejak Akulturasi dalam Semangkuk Soto(in Indonesian)။CNN Indonesia။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  9. 12Sup Babi ( Pig Soup ), Babi Guling Bu Rai Beras Merah(in Indonesian)(December 5, 2011)။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  10. 12Albala၊ K. (2011)။Food Cultures of the World Encyclopedia။ Food Cultures of the World Encyclopedia။ Greenwood။ p. 2-PA109။ISBN 978-0-313-37626-9။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး
  11. 12Rsp. Fav. ala Cake: Sop & Soto (ဖင်လန်ဘာသာစကားဖြင့်)။ Gramedia Pustaka Utama။ p. 5။ISBN 978-979-22-3106-9။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး
  12. Erwin၊ L.T. (2008)။100 PTM: Sop & Soto။ Gramedia Pustaka Utama။ p. 6။ISBN 978-979-22-3908-9။ ၁၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး
"https://my.wikipedia.org/w/index.php?title=ဆိုတို&oldid=770890" မှ ရယူရန်
ကဏ္ဍများ:
ဝှက်ထားသော ကဏ္ဍ:

[8]ページ先頭

©2009-2026 Movatter.jp