Movatterモバイル変換


[0]ホーム

URL:


မြန်မာဘာသာ

China Film Festival 2020_fororder_WechatIMG25

အိုလံပစ်စိတ်ကူးကို ထုဆစ်ပုံဖော်ကြသူများ အပိုင်း-၂

(GMT+08:00)2022-03-10 11:56:50  



အိုလံပစ်စိတ်ကူးကို ထုဆစ်ပုံဖော်ကြသူများ အပိုင်း-၂_fororder_13

 ရှင်သန်နေတဲ့ဘ၀ကိုချစ်ပြီး ချစ်တဲ့ဘ၀မှာ ရှင်သန်နေသူတစ်ယောက်ကတော့ ချိန်ဟုံရန်ပါပဲ။ သူဟာ အသက် ၄ နှစ်အရွယ်ကတည်းကစပြီး ကားတိုက်မှုကြောင့် ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရတဲ့အတွက် မသန်စွမ်းသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချိန်ဟုံရန်တစ်ယောက် မိသားစုရဲ့ အားပေးမှု၊ သူ့ရဲ့​မလျှော့တဲ့ဇွဲလုံ့လကြောင့် အသက် ၁၁ နှစ်အရွယ်မှာ မသန်စွမ်းရေကူးအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် ခန္ဓာကိုယ် အောက်ပိုင်းမှာ ဘတ်စကတ်ဘောအခွံကြီးကို စွပ်ထားတာကြောင့် သူ့ကို ဘတ်စကတ်ဘော မိန်းကလေးလို့ လူသိများလာပါတယ်။ အဲ့ဒီနောက် သူဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြည်နယ်အဆင့်၊ နိုင်ငံအဆင့် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာရရှိပြီးနောက် တရုတ်နိုင်ငံမှာကျင်းပမယ့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲအထိ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရလာပါတော့တယ်။ ဒီဇာတ်လမ်းမှာ ချိန်ဟုံရန်အဖေဟာလည်း အားကစားကွင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးအဖြစ် အိုလံပစ်ပွဲကြီးမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ယွီဟန်ဆိုတဲ့ ခြေတစ်ဖက်မရှိတဲ့ ရုပ်ဖြောင့်ဖြောင့် ကောင်လေးကလည်း အွန်လိုင်းကမှာယူတဲ့ အစားအစာတွေကို ပို့ဆောင်ပေးရတဲ့ အမြန်ချောပို့သမား တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။ သူဟာ မသန်စွမ်းဝှီးချဲသမားတွေအတွက် ၀ှီးချဲအက တွေကို သင်ပေးတဲ့ သင်တန်းဆရာတစ်ဦးဖြစ်သလို သူဟာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ မသန်စွမ်းလက်ရွေးစင်ကရာတေးအားကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အမေဟာလည်း မျက်မမြင်တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံမှာကျင်းပတဲ့ မသန်စွမ်းအလျားခုန်ပြိုင်ပွဲရဲ့ အိုလံပစ် ရွှေတံဆိပ် ဆုရှင်ဟောင်း ဖိန်ယာလိ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်အဖြစ် ချိန်ဟုံရန်နဲ့ ယွီဟန်တို့ရဲ့​ဆက်နွယ် ပတ်သက်မှုက ဘယ်လိုရှိမလဲ။ တရုတ်နိုင်ငံ ပီကင်းမှာကျင်းပပြုလုပ်တဲ့ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲနဲ့ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲအပေါ် ပီကင်းပြည်သူပြည်သားတွေကရော ဘယ်လို သဘောထား ရှိမလဲ။ ထူးခြားချက်အဖြစ် ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်များရဲ့အကြောင်းအရာများဟာ တရုတ်နိုင်ငံရဲ့​ မသန်စွမ်း ထူးချွန် လက်ရွေးစင် အားကစားသမားများနဲ့ မသန်စွမ်းအိုလံပစ်ရွှေတံဆိပ်ဆုရှင်များရဲ့ တကယ့် ဖြစ်ရပ်မှန် အကြောင်းအရာများကို အခြေခံပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အိုလံပစ်ဆိုင်ရာ ခံယူချက်၊ ယုံကြည်ချက်အပြင် မသန်စွမ်းသူတွေရဲ့ မျှော်လင့်ချက်တွေကိုလည်း သိရှိခံစားရမှာ ဖြစ်တာမို့ စုသက်မှူး (မရမ်းကုန်း) စီစဉ်ရေးသားတဲ့ “အိုလံပစ်စိတ်ကူးကို ထုဆစ်ပုံဖော်ကြသူများ” ရေဒီယို ဇာတ်လမ်းတွဲကို အခုပဲ ခံစား နားဆင်ကြည့်ပါရှင်။

  • renmin_fororder_renmin
  • 图片默认标题_fororder_xinhua
  • 图片默认标题_fororder_cctv
    © China Radio International.CRI. All Rights Reserved.
    16A Shijingshan Road, Beijing, China. 100040

    [8]ページ先頭

    ©2009-2025 Movatter.jp